Harvard Business School ရဲ့ ပရော်ဖက်ဆာဖြစ်တဲ့ Michael E. Porter ထုတ်
နုတ်ခဲ့တဲ့ Generic Business Strategies များကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီ
သီအိုရီဟာ ၁၉၈၀ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Poter ရဲ့ Competitive Strategy စာအုပ်က ဖြစ်ပါတယ်။
1.Cost Leadership Strategy
မိမိ၏ ကုန်ပစ္စည်း စျေးနှုန်းကို လက်ရှိစျေးကွက်ထဲမှာ အသင့်လျော်ဆုံးနှင့် အသက်သာဆုံး
ထားရှိပြီး ပြိုင်ဘက်ကုန်ပစ္စည်းတွေထပ် အားသာချက်ရရှိရန် ရောင်းချခြင်းဖြစ်ပါတယ်။ ဒီလို
Cost ကို သက်သာစွာထားရှိခြင်းဟာ အရောင်းသွက်စေပြီး Market Expansion ကို
လျင်မြန်စွာတိုးတက်စေနိုင်ပါတယ်။ အားနည်းချက်ကတော့ လုပ်ငန်းရဲ့ Operation Cost
များကို အသက်သာဆုံး ဖြစ်အောင် စီမံဆောက်ရွက်နိုင်ဖို့ လိုပြီး Profit Margin (အရင်းကြေ
မှတ်) ရရှိအောင် လုံလောက်တဲ့ရောင်းအား လိုအပ်ပါတယ်။ ဥပမာ - Mi Phone, Toyota Brand တွေပဲဖြစ်ပါတယ်။
2. Differentiation Strategy
စျေးကွက်ထဲမှာ အနိုင်ရရှိဖို့ဆိုရင် ပြိုင်ဘက်ကုန်ပစ္စည်းတွေရဲ့ အားနည်းချက်ကို ဖြည့်ဆည်း
ဆောက်ရွက်နိုင်တာက တမူထူးခြားသော နည်းလမ်းနဲ့ ထိရောက်သော ရောင်းချခြင်းဖြစ်ပါတယ်။
Unique Selling Price (USP) လို့ခေါ်တဲ့ စျေးကွက်က မပေးနိုင်တဲ့ လုပ်ဆောက်ချက်
တွေကို ထည့်သွင်းရောင်းချခြင်းက အမှန်တကယ် ပြဿနာတွေကိုဖြေရှင်းနိုင်ပါက ပြိုင်ဘက်တွေ
ထပ်စျေးကွက်ကို အသာစီးရရှိနိုင်မှာဖြစ်ပြီး လျင်မြန်စွာတိုးချဲ့ သွားနိုင်မှာပဲ ဖြစ်ပါတယ်။ ဥပမာ- Apple, Nike Brand တို့ပဲဖြစ်ပါတယ်။
3. Focus Strategy
ကုန်ပစ္စည်းများကို Market ထဲစတင်ဖြန့်ချိတော့မယ်ဆိုရင် ပုံမှန်အားဖြင့် Market Segamentation များပြုလုပ်ပြီး ဝယ်သူကို အသက်အရွယ် (Demographic)၊
နေရာဒေသ (Geographic)၊ လူနေမှု အဆင့်အတန်း (Psychographic) နှင့်
အသုံးပြု ပုံ (Behavioral) ဆိုတဲ့ အမျိုးအစားလိုက်ခွဲခြားပြီး ရောင်းချလေ့ ရှိပါတယ်။
Focus Strategy ဟာ အထက်ပါစျေးကွက်ထဲမှာရှိတဲ့ အမျိုးအစားတွေထဲမှ တစ်စိတ်
တစ်ပိုင်းကို အာရုံစိုက်ပြီး ဝန်ဆောင်မှုပေးပြီး ရောင်းချခြင်းဖြစ်ပါတယ်။ ဥပမာ- Wave Money
ဖြစ်ပြီး ဘဏ်အကောင့်မလိုအပ်ပဲ ငွေအလွယ်တကူ လွဲပြောင်းလို့ရအောင်လုပ်ပေးတဲ့ လုပ်ငန်းမျိုး
ဖြစ်ပါတယ်။
3.1 Cost Focus
ရွေးချယ်ထားတဲ့ Market Segment (Niche Market) တစ်ခုထဲတွင် အထက်မှာ
ဖော်ပြခဲ့တဲ့ Cost Leadership Strategy ကို ပြန်လည်အသုံးချပြီး စျေးနှုန်းသက်သာ
စွာထားရှိရောင်းချပြီး ပြိုင်ဘက်တွေထပ် အသာစီးရအောင် စျေးကွက်ချဲ့ထွင်ခြင်းဖြစ်ပါတယ်။
3.2 Differentiation Focus
ဒါကတော့ Differentiation Strategy ကို focus လုပ်ထားတဲ့ Niche Market
မှာ အသုံးချပြီး USP များတည်ဆောက်ကာ ကုန်ပစ္စည်းကို ထူးခြားအောင် အဆင့်မြင့်
ရောင်းတင်ခြင်းဖြစ်ပါတယ်။
ဒါကတော့ ဆရာကြီး Michael E. Porter ရဲ့ Business Strategies တွေပဲဖြစ်ပါတယ်။ လူကြီးမင်းရဲ့ လုပ်ငန်းနဲ့ ကိုက်ညီတဲ့ Strategy လေးကိုအသုံးပြုပြီး
ယခုပဲစတင် Boom ! လိုက်တော့နော် 🫡
Online ပေါ်မှာ အထာကျကျ ကိုယ်ပိုင် Website နဲ့ စျေးရောင်းချင်တယ်ဆိုရင်တော့
Master Seller ရဲ့ Ecommerce Solution ကလူကြီးမင်းတို့ရဲ့ လစာပေးစရာမလိုတဲ့
Product Manager လေးပဲဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ အသေးစိတ်ကို
ဝင်ရောက်မေးမြန်းလိုက်တော့နော် 😧...
Share via
Date: 2026-01-03 02:09 PM
View: 141
Business တစ်ခုရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေကို Business Operations လို့ခေါ်ဆိုပါတယ်။ Supplier ဆီက ကုန်ကြမ်းဝယ်ယူသည်မှ စကာ ကုန်ပစ္စည်းရောင်းချငွေချေပြီးသည့်အထိ လုပ်ဆောင်ရသော နေ့စဥ်လုပ်ငန်းဆောင်တာများဟာ Business Operations ထဲမှာပါဝင်ပါတယ်။
Supply Chain ဆိုတာ လူကြီးမင်းလုပ်ငန်းရဲ့ စျေးကွက်ဝင်ကုန်ပစ္စည်းတွေ မဖြစ်ခင် အရင်ဆုံးလိုအပ်တဲ့ ကုန်ကြမ်းတွေရဲ့ အသွားအလာ စီမံခန့်ခွဲမှုကိုခေါ်ဆိုပါတယ်။
Master Seller Ecommerce System is one of the software products developed by Eastern Dev, designed to empower small and medium-sized enterprises (SMEs) with a complete digital commerce solution.