Supply Chain ဆိုတာ လူကြီးမင်းလုပ်ငန်းရဲ့ စျေးကွက်ဝင်ကုန်ပစ္စည်းတွေ မဖြစ်ခင်
အရင်ဆုံးလိုအပ်တဲ့ ကုန်ကြမ်းတွေရဲ့ အသွားအလာ စီမံခန့်ခွဲမှုကိုခေါ်ဆိုပါတယ်။ ကုန်ကြမ်း
ဟာ လုပ်ငန်းတိုင်းရဲ့ မရှိမဖြစ်လိုအပ်တဲ့ အဓိကပါဝင်ပစ္စည်းဖြစ်ပါတယ်။ ကုန်ကြမ်း
ဝယ်ယူမှုနဲ့ သိုလှောင်ထိန်းသိမ်းတတ်မှုဟာ လုပ်ငန်းတစ်ခုရဲ့ Operation Cost တွေကို
သက်သာစေမှာဖြစ်ပြီး ကုန်ပစ္စည်းပြတ်တောက်မှု အရည်အသွေးမပြည့်မှီမှုကို လျော့ချနိုင်ကာ
လုပ်ငန်း အရည်အသွေးလဲ တိုးတက်စေနိုင်ပါတယ်။
ဒါကြောင့် ထိရောက်တဲ့ Supply Chain တစ်ခုကိုတည်ဆောက်ဖို့
အရေးကြီးတဲ့ Tips and Tricks အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။
1.Stock Inventory ထပ် ဝယ်လိုအားကို ပိုဂရုစိုက်ပါ
မိမိရောင်းချတဲ့ ကုန်ပစ္စည်းများထဲမှာ ဘယ်ဟာက fast-moving products နှင့် slow-moving
products တွေလဲဆိုတာ ရှင်းရှင်းလင်းလင်းသိရပါမယ်။ ဒါကို သိချင်ရင်တော့ အပတ်စဥ် လစဥ်
ရောင်းချထားတဲ့ မှတ်တမ်းများကို လေ့လာပြီး တပတ်တွင်း သို့ တလအတွင်းလိုအပ်တဲ့ product demand
တစ်ခုကို စနစ်တကျ သတ်မှတ်ထားခြင်းက လိုတာထပ် အော်ဒါမှာမိခြင်းကို တားဆီးပေးနိုင်ပါတယ်။
"If you don't predict demand, your suppiler controls your business."
2.ယုံကြည်စိတ်ချရတဲ့ Supplier ကောင်းကိုရှာဖွေပါ
ကုန်ကြမ်းပြတ်လပ်မှာစိုးလို့ Suppliers တွေ အများကြီးထားရှိခြင်းက စိတ်ချရတဲ့ Supplier Chain
တစ်ခုကို မဖြစ်စေပါဘူး။ Price, Lead Time, Penalties စတဲ့ အချက်များဖြင့် အမှတ်ပေးပြီး စွမ်းဆောင်
ရည်ကောင်းမွန်တဲ့ Suppliers များနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ခြင်းက အများကြီးရှိတာထပ် ပိုပြီး
ယုံကြည်စိတ်ချရပါတယ်။ မိမိလုပ်ငန်းနဲ့ လက်တွဲထားတဲ့ Suppliers များရဲ့ performance review ကို
လဲ ပုံမှန်လေးစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
"Reliable beats cheap every time"
3.ရောင်းကုန် မလှောင်ထားခြင်းဟာ စိတ်အေးရခြင်း မဟုတ်ပါ
ရောင်းကုန်တွေကို ဝယ်သူလာမှ ကုန်ကြမ်းမှာယူ ထုတ်လုပ်ခြင်းဟာ Operation Cost ကို
ထိရောက်စွာ သက်သာစေနိုင်ပါတယ်။ သို့သော် ဒါဟာ လုပ်ငန်းရဲ့ ရောင်းအားကိုတော့ တိုးတက်
စေဖို့ အတားအဆီးဖြစ်နိုင်ပါတယ်။ လိုအပ်တဲ့ ဝယ်လိုအားကို အချိန်တိုတွင်း မဖြည့်ဆည်းပေးနိုင်တဲ့အခါ
လုပ်ငန်းဟာ ကြီးမားတဲ့ အခွင့်အရေးများကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် လူကြီးမင်းဟာ
ရောင်းကုန်တဲ့ Top Selling Products တွေရဲ့ reorder points တွေ dead stock margin တွေကို
သေချာ မှတ်တမ်းရယူပြီး လိုအပ်တဲ့ကုန်ပစ္စည်း အရေအတွက်ကို အသင့်ထားရှိသင့်ပါတယ်။
"Cash locked in slow inventory is silent loss"
4.စျေးသက်သာတဲ့ Delivery Service က ထောင်ချောက်ပါ
ကုန်ပစ္စည်းရောင်းချတဲ့ လုပ်ငန်းတိုင်းဟာ Logistic နဲ့ ကင်းကွာလို့မရပါဘူး။ ဝယ်ယူ
သူတွေဆီကို ကုန်ပစ္စည်းတွေ ရောက်ဖို့သာ အရေးကြီးတယ်ဆိုပြီး စျေးသက်သာတဲ့ Shipping
Plan ကိုရွေးချယ်မိရင်တော့ ဒူးနဲ့မျက်ရည်သုတ်ဖို့သာ ပြင်ထားလိုက်ပါ။ ကုန်ပစ္စည်းများကို
လမ်းတစ်လျှောက်မှာ အထိအခိုက်မရှိ အချိန်တိုတွင်း မှန်မှန်ကန်ကန် ရောက်ရှိတဲ့ Delivery က
စျေးကြီးပေမယ့် တဖက်မှာ Damage Products တွေကို ဖြေရှင်းလျော်ကြေးပေးနေရတာ နောက်ကျ
နေရတာထပ် ပိုပြီး ကုန်ကြစရိတ်သက်သာစေနိုင်ပါတယ်။
"Customer forgive price. But don't forgive late delivery 😡"
5.ကုန်ပစ္စည်း စီးဆင်းမှုကို အမြဲသတိပြုစောင့်ကြည့်နေပါ
မိမိလုပ်ငန်းရဲ့ ရောင်းကုန် အရေအတွက်၊ Suppliers ဆီက ကုန်ကြမ်းမှာယူမှု
ကြာချိန်၊ အရည်အသွေး မပြည့်မှီသော ကုန်ပစ္စည်းများရဲ့ returns and refunds မှတ်တမ်းများ ကို
အမြဲ စုစည်းစောင့်ကြည့်သင့်ပါတယ်။ Supplier Chain မှန်သမျှဟာ ပြီးပြည့်စုံတယ်ဆိုတာ
မရှိတာကြောင့် အမြဲ back up plans များကိုထားရှိသင့်ပါတယ်။ Back up suppliers,
မတူညီတဲ့ shipping နည်းလမ်းတွေ၊ ကုန်ပစ္စည်းပြတ်တောက်မှုတွက် အရေးပေါ်ရောင်းကုန်များစတဲ့
အချက်တွေကိုလဲ နားလည်သိရှိထားခြင်းက Supply Chain ကိုပိုပြီး ယုံကြည်စိတ်ချရစေပါတယ်။
"Risk management is profit protection"
Supply Chain ဟာ ကုန်ပစ္စည်းစီးဆင်းမှုကိုသာ အထောက်ကူပြုတာမဟုတ်ပဲ
ကုန်ပစ္စည်းရဲ့ Brand Image, စျေးကွက်ချဲ့ထွင်မှု ယုံကြည်စိတ်ချရမှု ကိုလဲ တိုးတက်စေနိုင်တာ
ကြောင့် Supply Chain ကိုမေ့မထားနဲ့တော့နော် ... 🫡
လိုင်းပေါ်မှာ စျေးရောင်းတာကြာပြီ အရောင်းမသွက် စာရင်းပျောက် အမြတ်မကျန်ဖြစ်နေပါသလား ?
ဒါဆို Product Inventory Tracking ပါဝင်ပြီး ရောင်းအားကို အချိန်တိုတွင်း စာရင်းတွက်စရာမလိုပဲ
စီမံခန့်ခွဲပေးနိုင်တဲ့ Master Seller Ecommerce System ကကူညီဖို့ အသင့်ရှိပါတယ်။
Ecommerce နမူနာကို https://demo.masterseller.shop အချိန်မရွေးဝင်ရောက် စမ်းသပ်ကြည့်နိုင်ပါတယ်။
#BusinessManagement
#SupplyChainManagement
#EcommerceSystem
#MasterSeller
Share via
Date: 2026-01-08 05:04 PM
View: 173
Business တစ်ခုရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေကို Business Operations လို့ခေါ်ဆိုပါတယ်။ Supplier ဆီက ကုန်ကြမ်းဝယ်ယူသည်မှ စကာ ကုန်ပစ္စည်းရောင်းချငွေချေပြီးသည့်အထိ လုပ်ဆောင်ရသော နေ့စဥ်လုပ်ငန်းဆောင်တာများဟာ Business Operations ထဲမှာပါဝင်ပါတယ်။
Master Seller Ecommerce System is one of the software products developed by Eastern Dev, designed to empower small and medium-sized enterprises (SMEs) with a complete digital commerce solution.
Harvard Business School ရဲ့ ပရော်ဖက်ဆာဖြစ်တဲ့ Michael E. Porter ထုတ်နုတ်ခဲ့တဲ့ Generic Business Strategies များကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီသီအိုရီဟာ ၁၉၈၀ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Poter ရဲ့ Competitive Strategy စာအုပ်က ဖြစ်ပါတယ်။