Standard Operating Proceduers (SOP) Standard Operating Proceduers (SOP)

Standard Operating Proceduers (SOP)

Business တစ်ခုရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေကို Business Operations လို့

ခေါ်ဆိုပါတယ်။ Supplier ဆီက ကုန်ကြမ်းဝယ်ယူသည်မှ စကာ ကုန်ပစ္စည်းရောင်းချ

ငွေချေပြီးသည့်အထိ လုပ်ဆောင်ရသော နေ့စဥ်လုပ်ငန်းဆောင်တာများဟာ Business Operations ထဲမှာပါဝင်ပါတယ်။ အဲဒီ Business Operations (Daily Tasks)

တွေကို ပိုလွယ်ကူ လျင်မြန်အောင်လုပ်ဆောင်ခြင်းကို Operation Management လို့

ခေါ်ပါတယ်။


Standard Operating Procedure (SOP) ဟာ Daily Operation Management မှာ မဖြစ်မနေ အသုံးပြုရမည့် အသုံးဝင်တဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။ နေ့စဥ်လုပ်ဆောင်နေရတဲ့

ဝယ်ယူမှု ပြဿနာများ (Customer Complaint), ကုန်ပစ္စည်းအရေအတွက် စစ်ဆေးခြင်း (Inventory Checking) နှင့် လူသစ်ခန့်ခြင်း (Recruitment) တို့ဟာ ထပ်ခါထပ်ခါ

တသတ်မှတ်တည်း လုပ်ဆောင်ရတဲ့ ရှုပ်ထွေးတဲ့ လုပ်ငန်းစဥ်တွေဖြစ်ပါတယ်။ ဒီလုပ်ငန်းစဥ်တွေဟာ အချိန်

ကုန်စေပြီး ပြုလုပ်ဆောင်ရွက်တဲ့ ဝန်ထမ်းတွေအပေါ် မူတည်ပြီး လုပ်ငန်း၏ ဝန်ဆောင်မှု အရည်အသွေးလဲ ကွဲပြားသွားနိုင်ပါတယ်။


ဒါကြောင့် ထိုရှုပ်ထွေးပြီး ထပ်ခါတလဲလဲ လုပ်ဆောင်ရတဲ့ လုပ်ငန်းစဥ်များကို ဘယ်အဆင့်ပြီးရင်

ဘာကိုလုပ်မယ်ဆိုပြီး စံသတ်မှတ်ချက် (Standard Procedure) စနစ်တစ်ခုစီ ပုံသေ ထားရှိခြင်းဖြင့် လုပ်ငန်းဟာ လွယ်ကူလျင်မြန်ပြီး ဝန်ဆောင်မှုအရည်အသွေးကို ထိန်းထားနိုင်မှာဖြစ်ပါတယ်။ နားလည်လွယ်ကူအောင် အောက်ပါ SOP Exampleလေးများကိုဖော်ပြလိုက်ပါတယ်။


Customer Complaint Handling SOP

1.Customer များ၏ပေးစာများကို Email, Chat များမှတစ်စုတစ်စည်းလက်ခံသိမ်းဆည်းခြင်း။

2.ပေးစာများကို လက်ခံရရှိကြောင်း Customer များကို ဆောင်ရွက်နေကြောင်းအသိပေးခြင်း။

3.ပေးစာများကို ပြဿနာအမျိုးအစားအလိုက် ခွဲခြားစစ်ဆေးခြင်း။

4.ပေးစာများ၏ ပြဿနာအလိုက် သက်ဆိုင်ရာဌာနနဲ့ department များကိုပြန်လည်ပေးပို့ခြင်း။

5.ပြသာနာများကို အဖြေရှာ၍ လိုအပ်သော ဖြေရှင်းချက်များကို ပြန်လည်ရယူခြင်း။

6.ဖြေရှင်းချက်များကို Customer များအားပြန်လည်ပေးပို့ ခြင်း။

7.Customer များပြေလည်ကြောင်း အတည်ပြုရယူခြင်းနဲ့ မှတ်တမ်းထုတ်ယူခြင်း။


Employee Onboarding SOP (Recruitment SOP)

1.အလုပ်ခေါ်စာရေးသားခြင်းနဲ့ Target Employees များရှိနိုင်သည့်နေရာများတွင်ကြေငြာခြင်း။

2.အလုပ်ခန့်အပ်ခြင်းစာချုပ်နဲ့ လိုအပ်သောကိုယ်ရေးအချက်အလက်များကိုစုစည်း သိမ်းဆည်းခြင်း။

3.ဝန်ထမ်းသစ်များကို Company ၏ policies, SOPs, job roles များကို ရှင်းပြခြင်း။

4.သက်ဆိုင်ရာ department နှင့် team leader များဆီ လွဲပြောင်းပေးခြင်း။

5.လိုအပ်သော ပစ္စည်းကိရိယာများ laptop, id, software access များကို ပေးအပ်ခြင်း။

6.ဝန်ထမ်းသစ်များ၏ လုပ်ဆောင်ချက်စွမ်းရည်များကို လစဥ် Report များကောက်ယူသိမ်းဆည်းခြင်း။


အထက်ပါ SOP များဟာ Business လုပ်ငန်းတွေမှာအများဆုံးတွေ့ရတဲ့ SOP များဖြစ်ပါတယ်။ လူကြီးမင်း၏ လုပ်ငန်းမှာ ရှုပ်ထွေးတဲ့လုပ်ငန်းစဥ်တွေကို နေ့စဥ်မပြတ်လုပ်ဆောင်နေရပါသလား ?

ဒါဆိုရင် ထိရောက်လျင်မြန်တဲ့ SOP များကို ထားရှိပြီး ဘယ်လူပြောင်းပြောင်း မူမပြောင်းတဲ့ စနစ်ကောင်းတစ်ခုကို တည်ဆောက်လိုက်တော့နော် 🫡...


Online ပေါ်မှာ အထာကျကျ ကိုယ်ပိုင် Website နဲ့ စျေးရောင်းချင်တယ်ဆိုရင်တော့

Master Seller ရဲ့ Ecommerce Solution ကလူကြီးမင်းတို့ရဲ့ လစာပေးစရာမလိုတဲ့

Product Manager လေးပဲဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ အသေးစိတ်ကို

ဝင်ရောက်မေးမြန်းလိုက်တော့နော် 😧...


Share via

Date: 2026-01-03 02:08 PM

View: 194